Thursday, May 30, 2013

Android Device များအတွက် ကျွန်တော့်ရဲ့ website ကြည့်ဖို့တွက် apk လေးပါ

ဒီမှာဒေါင်းပါ <<<<

APK ဖြင့်ကြည့်လျှင် မြင်ရမည့်ပုံစံဖြစ်ပါသည် ...
















ကျေးဇူးတင်ပါသည်။  အောင်သက်ဦး ။

Wednesday, May 29, 2013

Loader Droid Full APK




မိတ်ဆွေတို့ရေ ဖုန်းနဲ့Download ဆွဲတဲ့အခါ file ခဏခဏ ပျက်သွားလို့ 
စိတ်ညစ်နေသူတွေအတွက် LoaderDroid downloader လေးပါ 
Music,apk,video,အစုံဆွဲလို့ရတယ်ဗျာ အရမ်းလဲမြန်ပါတယ်
စိတ်ဝင်စားလို့ ဒေါင်းခြင်တယ်ဆိုရင် အောက်ကလင့်မှာဒေါင်းပါနော်...
အားလုံးအောင်မြင်ပျော်ရွှင်ကြပါစေ......
အောင်သက်ဦး

Android Device တွေအတွက် LockScreen အလန်းစား

ဒီတစ်ခါတော့ ကိုယ်တိုင်ဖန်တီးထားတဲ့ Lock Screen apk လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်....
ဒီ apk လေးက Android Lock Screen စဖွင့်တဲ့နေရာမှာ အသုံးပြုဖို့အတွက်ပါ...
Lock ဖွင့်တဲ့နေရာမှာ မိမိကြိုက်နှစ်သက်ရာ အသံကိုလည်း ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်သလို
Lock ၏ နောက်ခံပုံကိုလည်း ကြိုက်နှစ်သက်ရာ ပုံကိုထည့်သွင်းထားနိုင်ပါတယ်....
တစ်ခုကောင်းတာကတော့ အားလုံး မြန်မာလိုပြုပြင်ထားတဲ့အတွက် အသုံးပြုရလွယ်ကူမှာပါ.....
လိုချင်ရင်တော့ အောက်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်ခင်ဗျာ......



ကျေးဇူးတင်ပါသည်။

Apk Edit by: AungThetoo

Emotion UI ပါဝင်သော Huawei ဖုန်းများတွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်ခြင်း


Huawei G510-G520, U8833, U8951, C8813 (Emotion UI) Myanmar Font တွေအတွက် Root မလုပ် ပဲ နဲ့ မြန်မာဖောင့်တွေ . ကီးဘုတ်တွေ ကို ထည့်သွင်းပေးသွားမှာပါ.

ဒီကောင်လေးက ဘယ် Emotion UI မှာမဆို အသုံးပြုလို့ ရပါတယ်
Emotion UI ဆိုတာ ဖုန်းမှာသုံးထားတဲ့ System တမျိုးပဲလို့ စဉ်းစားမိပါတယ်..
Emotion UI ဟုတ်မဟုတ်ဘယ်လို ကြည့်မလဲဆိုရင် ဖုန်းရဲ့ 
Setting>About Phone> Emotion UI Version ဆိုတာပါ ပါတယ်..အဲဒါဆိုရင်တော့ ဟုတ်ပါတယ်.


အပေါ်က ပုံထဲမှာ ပါ..အဲဒါဆိုရင်တော့ Emotion UI ဖြစ်ပါတယ်.. 
ဆက်သွားရအောင်နော်
လိုအပ်တာလေးဒေါင်းလော့ဆွဲ ထားပါ
  1. ဖုန်းကိုပါဝါဖွင့်ပါ
  2. USB Debugging ကို On ထားပေးပါ 
  3. ထို့ နောက် ကွန်ပျူတာ တွင် ချိတ်ပါ 
  4. Emotion UI  Theme လေးကို ဒေါင်းလော့ဆွဲ ၍ ကွန်ပျူတာပေါ်တွင် ဇစ်ဖြည်လိုတ်ပါ 
  5. ဇစ်ဖြည်လိုတ်လျှင် အထဲတွင် RunMe.bat ဖိုင်လေးတခု တွေ့ ပါလိမ့်မယ်.
  6. အဲဒီ RunMe.bat ကို ဖွင့်လိုတ်ပါ ။
  7. သူ့ ဘာသာ သူ အလုပ်ဆက်လုပ်သွားပါမယ်.. ပြီးသွားပြီဆိုရင်တော့ ဖုန်းနဲ့ ကွန်ပျူတာနဲ့ ချိတ်ထား
    တာကို ဖြုတ်လို့ ရပါပြီ
  8. ထို့ နောက် ဖုန်းရဲ့ Setting>Language&Keyboard>ForzenKeyboard ကိုအမှန်ခြစ်ပေးပါ
  9. ForzenKeyboardPro ကိုလည်းအမှန်ခြစ်ပေးပါ
  10. ဖုန်းရဲ့ Home ကို ပြန်ထွက်ပါ
  11. Screen ပေါ်တွင် Themes ဆိုတဲ့  ဖိုဒါကို လိုတ်ရှာပါ
  12. Themes ဖိုဒါကို တွေ့ ရင် အဲဒီအထဲကို ဝင်လိုတ်ပါ



    အဲဒီမှာ ပုံ သုံးပုံနော်.. မျှားလေး တွေ လည်းပြထားပါတယ်. အဆင့်လိုတ် လေး လုပ်သွားပါ..
    Theme With Font ဆိုတဲ့ စာတန်းကိုရွေးလိုက်ပါ.. အဲဒီအဆင့် ပြီးရင်တော့ .. ဖုန်းက ပါဝါ ပိတ်သွားမှာ ဖြစ်ပါတယ်..
    ဖုန်းပါဝါ ပြန်တက်လာရင်တော့ မြန်မာဖောင့် ရသွားပီ ဖြစ် ပါတယ် ။
    အားလုံး ကို ခင်မင်လေးစား စွာဖြင့်  အောင်သက်ဦး ။